သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ Super Sun 41 ဆောင်းနေကြာမျိုး သီးသန့် စိုက်ကွင်း(၈)ဧက စိုက်ပျိုးခဲ့ပြီး (၂)ဧက ထပ်မံစိုက်ပျိုးပေးခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ Super Sun 41 ဆောင်းနေကြာမျိုး သီးသန့် စိုက်ကွင်း(၈)ဧက စိုက်ပျိုးခဲ့ပြီး (၂)ဧက ထပ်မံစိုက်ပျိုးပေးခဲ့



MNP  -   ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ အောင်တပ်ကျကျေးရွာ၊ အောင်တပ်ကျေးရွာတွင် Super Sun 41 ဆောင်းနေကြာသီးသန့် စိုက်ကွင်း(၈)ဧက စိုက်ပျိုးခဲ့ပြီး (၂)ဧက ထပ်မံစိုက်ပျိုးမှု အား ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်က ကြည့်ရှုအားပေးခဲ့သည်။


မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ် စိုက်ပျိုး‌ရေး ဦးစီးအရာရှိ၊ စိုက်တိုးမြင့်ကော်မတီအတွင်း‌ရေးမှူး ဦးမျိုးမြင့်လွင်၊ ကျေးရွာ စိုက်တိုးမြင့် ကော်မတီအဖွဲ့တို့က အောင်တပ်ကျေးရွာအုပ်စု၊ အောင်တပ်ကျေးရွာ၊ ကွင်းအမှတ် (၆၈၃)၊ ဦးပိုင်အမှတ်(၄၃)၊ တောင်သူဦးဝင်းထိုက်၏ လယ်မြေဧရိယာ(၁၀)ဧကတွင် Super Sun 41 နေကြာမျိုးစေ့(၈)ဧက စိုက်ပျိုးခဲ့ပြီး (၂)ဧက ထပ်မံစိုက်ပျိုးမှု အခြေအနေများအား ကြည့်ရှုအား‌ပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)