ပုဂံရှေးဟောင်းနယ်မြေရှိ မြစေတီဘုရားကြီး ရွှေသင်္ကန်းကပ်လှူပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂံရှေးဟောင်းနယ်မြေရှိ မြစေတီဘုရားကြီး ရွှေသင်္ကန်းကပ်လှူပူဇော်







MNP  -    ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါ ကျေးရွာရှိ မြစေတီဘုရားရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ ရွှေသင်္ကန်းကပ်လှူမှု စတင်ကပ်လှူပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။


မြင်းကပါကျေးရွာရှိ မြစေတီဘုရားကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက် ရောက်ကပ်လှူပူဇော်ခဲ့ကြပြီးကြောင်း သိရသည်။ မြစေတီဘုရားသည် ပုဂံမြို့ဟောင်း တောင်ဘက် မြင်းကပါကျေးရွာမြောက်ဘက်ကပ်လျှက်တည်ရှိသည်။ ထီးလှိုင်ရှင် ကျန် စစ်သားမင်းကြီးနှင့် သမ္ဘူလဒေဝိတို့၏ သားတော် ရာဇကုမာရ်မင်းသားက အေဒီ -၁၁ ရာစုတွင် တည်ထားကိုးကွယ်ခဲ့ကြောင်း၊ စေတီတော်ကြီး၏ မဟာရံတံတိုင်းကို ပြုပြင်ရာမှ ပျူ၊ မွန်၊ မြန်မာ၊ပါဠိ လေးဘာသာဖြင့် ရေးထိုးထားသော ကျောက်စာတိုင်တစ်တိုင် အကောင်းပကတိကို ရရှိခဲ့သည်။ထက်ပိုင်းကျိုးနေသော ကျောက်စာတိုင်တစ်တိုင်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း ပထမတွေ့ရှိသော ကျောက်စာတိုင်ကို ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရွေ့ပြောင်းပြသထားပြီး ဒုတိယကျောက်စာတိုင်ကို  ပြန်ဆက်၍ မြစေတီဘုရားကြီး ရင်ပြင်တော်ပေါ် ကျောက်စာဂူဖြင့် ထိန်းသိမ်းပြသထားကြောင်း၊ မြစေတီကျောက်စာဟု ခေါ်တွင်ကြောင်းလည်း သိရသည်။


မြစေတီဘုရား ရွှေသင်္ကန်းကပ်လှူရာသို့ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း၊ ရွှေသင်္ကန်း ကပ်လှူမည့် ရွှေဆိုင်း(၂၆၀၄)ဆိုင်း၊ ကိုးလက်မပတ်လည်ရွှေပြားတစ်ချပ်လျှင် သုံးသောင်း ကျပ်နှုန်း၊ ကိုးလက်မပတ်လည်ရွှေပြား (၁၀၄၁၂)ချပ်၊ ကပ်လှူပူဇော်မည်ဖြစ်ရာ မြန်မာပြည်အရပ်ရပ်မှ စေတနာရှင်၊ကုသိုလ်ရှင်များပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)