ကန့်ဘလူမြို့နယ်တွင် G- 5 စာမေးပွဲပြီးစီး၊ G- 9 စာမေးပွဲဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် G- 5 စာမေးပွဲပြီးစီး၊ G- 9 စာမေးပွဲဆက်လက်ဖြေဆို


MNP   -   ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် Grade-5 မူလတန်းပြီးမြောက်မှုစာမေးပွဲနှင့် Grade-9 အလယ်တန်း ပြီးမြောက်မှုစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်)တွင် G- 5 မူလတန်းပြီး မြောက်မှု စာမေးပွဲမှာပြီးစီးခဲ့ပြီး G- 9 အလယ်တန်းပြီးမြောက်မှု စာမေးပွဲမှာ ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။


ထိုသို့စာမေးပွဲများ ဖြေဆိုခဲ့ရာတွင် G-5 မူလတန်းပြီးမြောက်မှု စာမေးပွဲနောက်ဆုံးနေ့တွင် လူမှုရေးဘာသာကို ဖြေဆိုကြရာတွင် ကျောင်းသား ၅၅၂ ဦး၊ ကျောင်းသူ ၅၆၃ ဦး စုစုပေါင်း ၁၁၁၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး G-9 အလယ်တန်းပြီးမြောက်မှု စာမေးပွဲ ပဉ္စမနေ့(ယနေ့) တွင် သမိုင်းဘာသာရပ်ဖြေဆိုရာတွင် ကျောင်းသား ၅၂၀ ဦး၊ ကျောင်းသူ ၅၄၉ ဦး စုစုပေါင်း ၁၀၆၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် မတ် ၁ ရက်နေ့ (နောက်ဆုံးနေ့)တွင် အထွေထွေ သိပ္ပံဘာသာကို ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)