လင်းခေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်




MNP  -  ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း  သိရသည်။


ရှေးဦးစွာ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နှင်းနှင်းဝေက လူမှုရေးပင်စင်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်ဖြစ်သည့် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများ အတွက် တစ်လလျှင် ငွေကျပ် ၁၀၀၀၀/-နှုန်းဖြင့် သုံးလစာ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀/-ကို လင်းခေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ သက်ကြီးရွယ်အို (၁၃၂)ဦးအတွက် ငွေကျပ် ၃၉၆၀၀၀၀/- ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဟိန်းဝင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးစိုင်းထွန်းလင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နှင်းနှင်းဝေတို့မှ လွှဲပြောင်းပေးအပ်ကာ၊ မြို့ပေါ်(၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကိုယ်စား။ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အသီးသီးလက်ခံရယူခဲ့ကြပြီး၊ သက်ကြီးဘိုးဘွားများထံသို့ လက်ဝယ်အရောက် သွားရောက်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း အင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နန်းပြုံးရီ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)