မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီးနှင့် အပန်းဖြေနေရာများတွင် လည်ပတ်သူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီးနှင့် အပန်းဖြေနေရာများတွင် လည်ပတ်သူများဖြင့်စည်ကား


MNP  -   ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ယနေ့တွင် ဘုရားဖူးပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ရောင်းဝယ်ဖောက်ကားသူများ၊ စျေးဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ထိုသို့ စည်ကားလျက်ရှိရာတွင် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၊ မြို့မစျေး၊ အမျိုးသားကန်တော်ကြီးဥယျာဉ် စသည့်နေရာများ၊ ဘုရားဖူးများသွားလာလည်ပတ်ရာနေရာများနှင့် မန္တလေး - လားရှိုးလမ်းမကြီး၊ ကုန်သည်လမ်း၊ ဗိုလ်ချုပ်လမ်းစသည်တို့၌ သွားလာသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။


ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့ဖြစ်သည်နှင့်အညီ နေ့စဉ်ဘုရားဖူးပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ အပန်းဖြေလာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိရာ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် အခါကြီး၊ ရက်ကြီးများတွင်လည်း လာရောက်လည်ပတ်သူများဖြင့် ပိုမိုစည်ကားကြောင်းနှင့် ယခုလို ချယ်ရီပန်းပွင့်သည့်ရာသီတွင်လည်း ယခင်ကထက် လည်ပတ်အလှဓာတ်ပုံရိုက်ကူးကြသူများပြားပြီး ဒေသထွက်သီးနှံများလည်း ပို မိုရောင်းချရကြောင်း ဒေသခံများအတွက် ပိုမိုအဆင်ပြေကြောင်းဖြင့် စျေးရောင်းချသူများထံမှ သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)