MNP - ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အဆင့်ဌာနဆိုင်ရာများပါဝင်သော ကွင်းဆင်းအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၁) ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံကာ နယ်မြေတည်ငြိမ် အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးဦးဆောင်သော ကွင်းဆင်းအဖွဲ့(၁)မှ ဌာနဆိုင်ရာတာဝန်ရှိသူတို့က အမှတ်(၁၁)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံကာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ဌာနဆိုင်ရာကဏ္ဍများအလိုက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို အသိပညာပေးဆွေးနွေးကြပြီး ဒေသခံပြည်သူများ၏ မေးမြန်းမှုတို့အပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။
အဆိုပါကွင်းဆင်းအဖွဲ့အနေဖြင့် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် ပြည်သူ့စကားသံနှင့် အထွေထွေတင်ပြလာမှုများအပေါ် ဆွေးနွေးညှိနှိုင်း ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနအဖွဲ့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment