သီးထပ်စွမ်းအားမြင့်မားရေးအတွက် အထောက်အကူပြုမည့် ပုလွေးချောင်းယာယီချောင်းပိတ်ဆည် တည်ဆောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီးထပ်စွမ်းအားမြင့်မားရေးအတွက် အထောက်အကူပြုမည့် ပုလွေးချောင်းယာယီချောင်းပိတ်ဆည် တည်ဆောက်


MNP  -   ဖေဖော်ဝါရီ ၁

ပြည်ထောင်စုနယ်မြေအတွင်းရှိ​ မြို့နယ်များအား Green City၊ Clean City၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပုလွေးချောင်းဝဲယာ စိမ်းလန်းစိုပြေရေးနှင့် သီးထပ်စွမ်းအားမြင့်မားရေးတို့အတွက် ပုလွေးချောင်းယာယီချောင်းပိတ်ဆည်ကို တည်ဆောက်အသုံးပြုလျက်ရှိကြောင်း သိရသည်။


အဆိုပါယာယီချောင်းပိတ်ဆည်ကို လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာအနီးရှိ ပုလွေးချောင်းပေါ်တွင် Geotextile Sheet၊ PPE Plastic Sheet၊ မျော၊ ဝါးကပ်၊ သဲအိတ်တို့ကို အသုံးပြုလျက် အလျား ၁၀၅ ပေ၊ အမြင့် ၆ပေ၊ အကျယ် ပေ ၃၀ အရွယ်အစားတည်​ ဆောက်ထားကာ ရေအနက် ၆ ပေခန့် သိုလှောင်ထားနိုင်ကြောင်း သိရသည်။ လယ်ဝေးမြို့နယ် ဝက္ကမူကျေးရွာဝန်းကျင်မှ တောင်သူများ၏ ယာမြေများတွင် နွေသီးနှံ စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် ဆည်မြောင်းနှင့် ရေ အသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ တည် ဆောက်ပေးထားခြင်း ဖြစ်သည်။


"အရင်တုန်းက ကျွန်တော်တို့ဒီယာမြေတွေက မိုးတွင်းနဲ့၊ ဆောင်းတွင်းပဲ စိုက်လို့ရတာ၊ နွေဆိုရင် ဒီချောင်းထဲမှာ လက်ယက်တွင်းတူးပြီးတော့​ ​ရေစုပ်စက်နဲ့ ပေ ၂၀ လောက်အမြင့်ကိုတင်မှ စိုက်လို့ရတော့ ကုန်ကျစရိတ်နဲ့ မကာမိဘူး၊ တွက်ခြေမကိုက်ဘူးပေါ့ဗျာ၊ အခုဒီပုလွေးချောင်းယာယီချောင်းပိတ်ဆည် ဆောက်ပေးတော့ ရေတင်ရတာလွယ်သွားတယ်၊ စရိတ်လည်းသက်သာတယ်လေ၊  ကျွန်တော်တို့ နွေသီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကို အခက်အခဲမရှိ ရေတင်ပြီးစိုက်နိုင်ပါပြီ" ဟု ဝက္ကမူကျေးရွာမှ တောင်သူတစ်ဦးက အားတက်ဖွယ် စကားပြောကြားသည်။


ပုလွေးချောင်း၊ ယာယီချောင်းပိတ်ဆည်တည်ဆောက်ကာ ဒေသခံတောင်သူ ၁၀၂ ဦး၏ ယာမြေ ၁၁၉.၈၆ ဧကကို ကုန်ကျစရိတ် သက်သာစွာဖြင့် ရေတင်စိုက်ပျိုးနိုင်မည်ဖြစ်သောကြောင့် နှစ်သီးစားမှ သုံးသီးစား တိုးချဲ့စိုက်ပျိုးနိုင်မည်​ဖြစ်သည်။ သီးထပ်စွမ်းအားမြင့်မားရေးနှင့် စိမ်းလန်းစိုပြေရေး၊ ဒေသဝမ်းစာဖူလုံရေးတို့ကို အထောက်အကူပြုကာ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးဝေလင်းထံမှ သိရသည်။


ဝေကြည်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)