မိုးညိုမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်ရေတွင်းဆိုလာ‌ရေတင်စနစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညိုမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်ရေတွင်းဆိုလာ‌ရေတင်စနစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်


MNP  -   ဖေဖော်ဝါရီ ၄

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်ရေတွင်းဆိုလာ‌ရေတင်စနစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပတ္တော်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။


စက်ရေတွင်းဖွင့်ပွဲ အခမ်းအနားတွင် မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး တင်ဒါကုမ္ပဏီဖြစ်သည့် စံဟိုင်းကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ကြွရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာသူ၊ကျေးရွာသားများအား ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းခိုင်က ကျေးရွာနေတာဝန်ရှိသူများအား လုပ်ငန်းလွှဲပြောင်း အပ်နှံလွှာအားပေးအပ်ပြီး ပတ္တော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးသူရကကျေးဇူးတင်စကားပြောကြားသည်။


ဆက်လက်၍ ရေပေးရေးလုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းခိုင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းမေနှင့် ရပ်မိရပ်ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။


အဆိုပါရေပေးရေးလုပ်ငန်းကို  မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၂ - ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၂၁၉၀၂၆၀၀)ကျပ်ဖြင့် စံဟိုင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး လုပ်ငန်းအတိုင်းအတာမှာ (၄•၅ လက် မ dia , PVC ၂၀၀ ပေ) စက်ရေတွင်း၊ ရေ(၂၄၀၀) ဂါလံဆံ့ စင်မြင့်ရေစင်ဖြစ်ပြီး ဆိုလာရေတင်စနစ်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)