MNP - ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့နယ်တွင် မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြိုနယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူဦးရေစာရင်းကောက်ယူမှုဟာ ဇန်နဝါရီလအတွင်းမှာ အပြီးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကောက်ယူရရှိတဲ့ အိမ်ထောင်စုစာရင်းများကို မြို့နယ်လဝကရုံးသို့ အပ်နှံပြီးဖြစ်ရာ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူ ကြီးကြပ်ရေး ကော်မတီ အနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများအား ဖေဖော်ဝါရီလ လကုန်အပြီး ဆောင်ရွက်ရမည်ဖြစ်သောကြောင့် မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့အထိ ဆောင်ရွက်ပြီး စီးမှုမှာအိမ်ထောင်စု ၁၅၆၃စုသာပြီးစီး သည့်အတွက် ဆက်လက်ပြီးဆောင်ရွက်ရမည့်အိမ်ထောင်စုများ ကျန်ရှိနေသေးသည့်အတွက် ယခုလိုလုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရခြင်းဖြင်းကြောင်းပြောကြားခဲ့သည်။
ဂွမြို့နယ်အနေဖြင့် ကောက်ကွက်(၄၀)က ကောက်ယူခဲ့သည့် စုစုပေါင်းအိမ်ထောင်စုမှာ၂၄၂၀၈ အိမ်ထောင်စု အနက် ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စု ၁၅၆၃စုနှင့် လူမနေသည့် အိမ်ထောင်စု၄၈၉၅ အတွက် ခြားနားချက်အရ ကျန်ရှိသည့် အိမ်ထောင်စု ၁၇၇၅၀ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment