လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဥ်ဖြင့်အသိပညာပေး (Talk Show) ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဥ်ဖြင့်အသိပညာပေး (Talk Show) ပြုလုပ်



MNP   -    ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက်အသိပညာဗဟုသုတပေးခြင်းအစီအစဉ်များကိုစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာယနေ့ မွန်းလွဲ ၂ နာရီကလူငယ်နဲ့ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကိုမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ပြုလုပ်သည်။


အဆိုပါ အစီအစဉ်တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးကTalk Show ပြုလုပ်ခြင်းပတ်သက်ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် မောင်ကျော်ဇော်မိုးက လူရယ်လို့ဖြစ်လာရင် တစ်ဦးတစ်ယောက်တည်းနေလို့မရ၊ မိမိ မိသားစု ပတ်ဝန်းကျင်စတဲ့ အသိုက်အဝန်းနဲ့နေထိုင်ရကြောင်း၊ ပေါင်းသင်းဆက်ဆံရေးလို့ဆိုရာမှာအနည်းဆုံးလူနှစ်ဦးတော့လိုအပ်မှာဖြစ် ကြောင်း ၊ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံရာမှာသိမ်မွေ့ချိုသာဖို့ အရေးကြီးပါကြောင်း၊လူအများနဲ့ ပြောဆိုဆက်ဆံရာမှာ ဖြစ်ဖြစ်၊မိဘနဲ့ပြောဆိုရာမှာဖြစ်ဖြစ်၊ ဆရာဆရာမများနဲ့ပြောဆိုဆက်ဆံရာမှာဖြစ်ဖြစ်၊နောက်ဆုံးသူငယ်ချင်းအချင်းချင်းနဲ့ပြောဆိုဆက်ဆံရာမှာဖြစ်ဖြစ်ယဥ်ယဥ်ကျေးကျေးပြောဆိုဖို့လိုအပ်ပါကြောင်း၊ တစ်ဦးနဲ့တစ်ဦးတွေ့ရင် အရင်ဆုံးအပြုံးလေးနဲ့ နှုတ်ဆက်လိုက်တာနဲ့ တစ်ဖက်လူရဲ့စိတ်မှာ ကျေးနပ်မှုကိုဖြစ်ပေါ်စေလို့ ကိုယ့်အလို ထက်ဝက်ပြီးနှင့်တယ် ဒါကြောင့် ပြုံးပါလို့ တိုက်တွန်းချင်ပါကြောင်းဆွေးနွေးပြောကြားသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)