ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)တပို့တွဲလ နှမ်းမနဲ၊ ထမနဲထိုးလှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)တပို့တွဲလ နှမ်းမနဲ၊ ထမနဲထိုးလှူဒါန်းပွဲ ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) က ကြီးမှူးကျင်းပသည့် တပို့တွဲလ နှမ်းမနဲ၊ ထမနဲထိုးလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် (၅၉)လမ်းနှင့် စန္ဒကူးလမ်းကြား ကမ်းနားလမ်းကြီး၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။


ထို့နောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များ နှင့် အိမ်မဲမြို့နယ် ခြောက်အိမ်တန်းကျေးရွာ ဇင်ပြွန် ကုန်းကျောင်းဆရာတော် ဦးကုမာရ၏ တပည့် ဒါယကာများက နှမ်းမနဲ၊ ထမနဲဒယ် ၂၅ ဒယ် စုပေါင်းထမနဲထိုးလုပ်အားပေးနေမှုများကို ကြည့်ရှု အားပေးကြသည်။


ယင်းနောက် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ နှင့် အမှုဆောင်များက နှမ်းမနဲ၊ ထမနဲများကိုဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ပြည်သူများကို ထမနဲများ ဝေငှလှူဒါန်း ခဲ့ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)