အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ





MNP ၊ ဖေဖော်ဝါရီ ၂၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နေ့လည် ၁နာရီခွဲခန့်က တရားမဝင် ကျောက်စိမ်းတုံးများ တင်ဆောင်လာသည်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အင်းတော်မြို့ အဝင် စစ်ဆေးရေးဂိတ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ မန္တလေးမြို့ သို့ ရွှေဘို-မြစ်ကြီးနား လမ်းအတိုင်းမောင်းနှင်လာသည့် ရွှေကချင် ခရီးသည်ယာဉ် မှ ယာဉ်မောင်း ညွန့်ဝင်း(ခ) ရှမ်းလေးမောင်းနှင်လာသည့် ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ယာဉ်၏ ဝမ်းဗိုက်အတွင်းမှ တူးဘောက်နှင့် ဘယ်/ညာ ဘီးများ၏ အပေါ်အံဝှက်များအတွင်းမှ အဝါရောင်တိပ်များဖြင့် ထုတ်ပိုး၍ လျှို့ဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းဖြတ်စ အပိုင်း ၂၁၂ တုံး၊ အလေးချိန် ၁၀၁၇ ကီလိုဂရမ်ခန့်၊ အဝါရောင်တိပ်ပတ်လျက် ကျောက်စိမ်းတုံး ဆိုဒ်စုံ ၅၅ တုံး၊ အလေးချိန် ၄၇၆ ကီလိုဂရမ်ခန့်၊ စုစုပေါင်း အလေးချိန် ၁၄၉၃ ကီလိုဂရမ်တိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ညွှန့်ဝင်း(ခ)ရှမ်းလေးအား (ပ)၁၆/၂၀၂၃၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၅၁(က) ဖြင့်အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။  

 

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)