MNP - ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင် ၊ရွှေတောင် မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်းကျေးရွာ လောကသရဖူစေတီတော် မြတ်ကြီးဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားကိုယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ် သံဃနာယကဆရာတော်များ၊ ဒကစ ( ပြည်) မှဒေသကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ၊အမတ( ၅၀၉) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမင်းနိုင်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များ၊ ဆည်ကြီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်သံဃာတော်များထံမှ ငါးပါးသီလတရားေတာ်နာယူဆောက်တည်ပြီး ဌာပနာထည့်သွင်းပူဇော်မည့်ပစ္စည်းများကိုစေတီတော်အား လက်ယာရစ် ( ၃) ပတ် လှည့်လည်ပူဇော်၍ လောကသရဖူစေတီတော်မြတ်ကြီးဌာပနာတိုက်အတွင်းသို့ထည့်သွင်းပူဇော်ခဲ့ကြောင်းသိရသည်။
ကိုကို မင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment