MNP - ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်၌ မြန်မာ-ရုရှားနှစ်နိုင်ငံသံတမန်ဆက်ဆံရေးမှတ်တမ်းဓာတ်ပုံများ ပြသခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ရုပ်သံကျွမ်းကျင်-၃ ဦးဦးမောင်ဝင်း က မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှတ်တမ်းဓာတ်ပုံများ ကို လာ ရောက်ကြည့်ရှုကြသော ဒေသခံပြည်သူများနှင့် ကျောင်းသူ/ ကျောင်းသားများအား ပြသထားသည့် နိုင်ငံတော်အကြီးအကဲ များ၏ မှတ်တမ်းဓာတ်ပုံတစ်ခုချင်းအလိုက် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှတ်တမ်းဓာတ်ပုံများ တွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှား သမ္မ တတို့၏ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေသော မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် နိုင်ငံ တော် သမ္မတ ဦးထင်ကျော် တို့၏ နှစ်နိုင်ငံသံတမန် ဆက်ဆံ ရေးထူ ထောင် ရေးအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ၊ နှစ်နိုင်ငံအကြီးအကဲ တွေ့ဆုံမှုမှတ်တမ်း ဓာတ်ပုံများ စုစုပေါင်း (၂၀) ပုံ တို့ကို လာရောက်ကြည်ရှုကြသော ဒေသခံပြည်သူများ ၊ ကျောင်းသား/ ကျောင်း သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျှက်ရှိကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment