ကန့်ဘလူမြို့နယ်၊ ကျခပ်အိုက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများကို လုံခြုံရေးအဖွဲ့က ဖော်ထုတ်ရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ ကျခပ်အိုက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများကို လုံခြုံရေးအဖွဲ့က ဖော်ထုတ်ရှင်းလင်း


MNP ၊ ဖေဖော်ဝါရီ ၁၅ 

စစ်ကိုင်းတိုင်ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကျခပ်အိုက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများကို ယမန်နေ့နံနက်ပိုင်းတွင် လုံခြုံရေးအဖွဲ့က ဖော်ထုတ်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ ကျခပ်အိုက်ကျေးရွာအနီးတွင် ပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည်  အပြစ်မဲ့ပြည်သူများအား ထိခိုက်သေကြေစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ၎င်းကျေးရွာအနီး သံတံတားတွင် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများကို လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ဖော် ထုတ်ရှင်းလင်းခဲ့ရာ လက်လုပ်မိုင်း ၁၀ လုံးနှင့် ဝါယာကြိုး ၁ ခွေတို့အား ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)