MNP - ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် ရွှေပြည်စာစစ်ဌာနနှင့် စဉ့်ကူးစာစစ်ဌာန ဟူ၍ စာစစ်ဌာန (၂)ခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ စာစစ်ဌာန(၂)ခုလုံးသည် အထက(စဉ့်ကူး) ကျောင်းတွင် ဖြေဆိုရမည်ဖြစ်သည်။
စဉ့်ကူးမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်းနှင့် အထက်တန်း ကျောင်းခွဲ (၁၀) ကျောင်းရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် စာရင်းပေး သွင်းထားသူ (၃၆၅) ဦးရှိကြောင်း စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost


No comments:
Post a Comment