MNP - ဖေဖေါ်ဝါရီ ၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ မြို့တည်ဆုတောင်းပြည့်တန့်ရှင်ပင်စေတီတော်မြတ်ကြီး၌ အဌမအကြိမ်မြောက်အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တန့်ရှင်ပင်စေတီတော်မြတ်ကြီး၏ရင်ပြင်၌ ရွတ်ဖတ်ပူဇော်ကြသည်။
မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ မြို့နယ်သံဃနာယကဥက္ကဌ ရွာပုလဲဆရာတော်ဘုရားကြီးနှင့် မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများနှင့်သံဃာတော်များမြို့နယ်စီမံအုပ်ချုရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများ မြို့မိမြို့ဖများလူမှုရေးအသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များနှင့်မြို့ပေါ်ရှိပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ တက်ရောက်လာသူများမှ နမောတဿ သုံးကြီမ်ရွတ်ဆိုဘုရားကန်တော့ကြပြီးနောက် မြို့နယ်သံဃနာယကဥက္ကဌရွာပုလဲဆရာတော်ဘုရားကြီးထံမှငါးပါးသီခံယူဆောက်တည်ကြသည်။
၎င်းနောက် အောင်ဆုပန်ဆရာတော်ဘုရားထံမှ ဩဝါဒခံယူကြသည်။
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက နတ်ဗြဟ္မာများပင့်ဖိတ်ခြင်းနှင့် မဟာပဌာန်းအဖွင့်ဂါထာတော်များရွတ်ဖတ်သရဇျ္စာယ်ကြပြီးနောက် အသံမစဲမဟာပဌာန်းကိုရွတ်ဖတ်ပူဇာ်ကြသည်။
အဆိုပါ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို (၁-၂-၂၀၂၃) ရက်နေ့မှ (၄-၂-၂၀၂၃) ရက်နေ့ထိ ရွတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment