တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များဆက်လက်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များဆက်လက်ပို့ဆောင်


MNP   -  ဇန်နဝါရီ ၃၁

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အဓိကကျသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ် များ၊Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။


ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနှံနိုင်သော Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များမှ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့သို့ ဆေး ၂၀၀၀၀ နှင့် ဆေးထိုးအပ်များ ယနေ့တွင် တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးကြသည်။


အဆိုပါကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)