လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်၏ CMIS Software စမ်းသပ်အသုံးပြုခြင်းသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်၏ CMIS Software စမ်းသပ်အသုံးပြုခြင်းသင်တန်းဖွင့်ပွဲကျင်းပ


MNP    -    ဇန်နဝါရီ ၃၁

လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) ၏ CMIS Software စမ်းသပ်အသုံးပြုခြင်းသင်တန်း ဒုတိယအကြိမ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုအစီအစဉ်တွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်အရ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ လူကုန်ကူးခံရသောကလေးသူငယ်များ၊ ဥပဒေနှင့်ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ရုပ်ပိုင်း ဆိုင်ရာနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များ၊ လူကုန်ကူးခံရသောကလေး သူငယ်များအပါအဝင် အထူးစောင့်ရှောက်ရန်လိုအပ်သောကလေးသူငယ်များ၏ အချက်အလက်များကို SMIS စနစ်ဖြင့် စမ်းသပ်ဖြည့်သွင်းနိုင်ရန်အတွက် တပ်မတော်သတင်းနည်းပညာဌာနမှ နည်းပညာအပြည့်အဝအကူအညီပေး၍ရေးဆွဲခဲ့ရာ ယခုဆိုလျှင် Case Management Program ရေးဆွဲဆောင်ရွက်မှု (၉၀ ရာခိုင်နှုန်း)၊ CMIS Software Digital Platform အသုံးပြုမှု (၉၀ ရာခိုင်နှုန်း)ရေးဆွဲပြီးစီးပြီး လူမှုရေး စီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ်(SMIS) ကို အကောင်အထည်ဖော်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကာကွယ်စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ်များအား SMIS စနစ်အတွင်းသို့ ထည့်သွင်းနိုင်ရန် CMIS Software စနစ်အား စမ်းသပ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသား/ သင်တန်းသူများအတွက် ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။


အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၆၀ တက်ရောက်ခဲ့ပြီး သင်တန်းကို ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ ငါးရက်တာဖွင့်လှစ်သွားမည်ဖြစ်သည်။


မွန်းလွဲပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြုပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုလွှာပေးအပ်ခြင်းအခမ်းအနားကို ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။


ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြုပါဝင်ဆောင်ရွက်ခဲ့ကြသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများကို ဂုဏ်ပြုလွှာများပေးအပ်သည်။


ထို့နောက် နေပြည်တော်ကလေးပြုစုရေးဌာနကလေးများက ကဗျာရွတ်ဆိုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)