MNP - ဇန်နဝါရီ ၃၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၃၃ ကေဗွီ ခွဲရုံအမှတ် ၂ တွင် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအတွက် တည်ငြိမ်၍အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းအပြစ်နှင့် ဓာတ်အားလေလွင့် ပျောက်ဆုံးမှုများလျော့နည်းကျဆင်းရေး အစဉ်တစိုက်ဆောင်ရွက်ကြရန် မှာကြားသည်။
ဦးစွာ ဒုတိယအင်ဂျင်နီယာချုပ်(နေပြည်တော်) ဦးဇော်မင်းထွန်းက ၂၃၀ ကေဗွီ နေပြည်တော်ပင်မဓာတ်အားခွဲရုံ ၁ မှ ဓာတ်အားပို့လွှတ်ပေးထားသော ၃၃ ကေဗွီ Switchbay ၌ ၃၃ ကေဗွီ GCB - Gas Circuit Breaker နှင့် Remote Control Panel များ လဲလှယ်ခြင်း၊ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာနှစ်လုံးအား လိုအပ်သောစမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ခြင်း၊ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ ဆီယိုစိမ့်မှုကိုပြုပြင်ခြင်း၊ Bus Bar နှင့် Disconnecting Switch များပြုပြင်နေမှုအားတင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၁၁ ကေဗွီ VCB- Vacuum Circuit Breaker များ အလုပ်လုပ်ပုံကို Software ဖြင့် စမ်းသပ်စစ်ဆေးခြင်းကို တင်ပြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သည်ဖြစ်၍ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစွာ လုပ်ငန်းများအားအရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်၊ ဖီဒါအလိုက် Control Panel များရှိ မီတာ၊ Relay နှင့် ဆက်စပ်ပစ္စည်းများအား ပုံမှန်ကြည့်ရှုစစ်ဆေး၍ပြုပြင် ထိန်းသိမ်းသွားရန်၊ SOP လုပ်ငန်းစဉ်များအားချိတ်ဆွဲထားရန်၊ လုံခြုံရေးအသိ၊ သတိဖြင့် ဆောင် ရွက်ရန်၊ ထရန်စဖော်မာနှင့် Switchgear များအား အမြဲမပြတ်စစ်ဆေးသွားရန်၊ ခွဲရုံနှင့် ဝန်ထမ်းအိမ်ရာအနီးဝန်းကျင်အား သန့်ရှင်းသာယာလှပရေး ပုံမှန်ပြုလုပ်သွားရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment