မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများအားစာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများအားစာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး




MNP    -    ဖေဖေါ်ဝါရီ၇

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ရုံးဝန်ထမ်းများက ယနေ့ နံနက်၁၁နာရီတွင်ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးသို့သွားရောက်၍  စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။ 


     ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံး ဝန်ထမ်းများကစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတ များတိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည် ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊  စသည့်စာအုပ်၊စာစောင်များဖြင့် ကွင်းဆင်းပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများအားအခမဲ့ ငှားရမ်းပေးခဲ့သည်။


   မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်စာအုပ်စာစောင်(အခမဲ့)ငှားရမ်းပေးခြင်းကိုအပတ်စဉ်ပုံမှန် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)