လွိုင်ကော်မြို့၌ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

လွိုင်ကော်မြို့၌ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်း


MNP   -    ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ကယားပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်၊ ကယားပြည်နယ် ဥပဒေအရာရှိ ဦးဇော်ဝင်းဇံနှင့် ပြည်နယ်အတွင်းရှိ ခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများနှင့်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ကယားပြည်နယ်ဥပဒေချုပ်က  ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြား ချက်များကို ထပ်ဆင့်ရှင်းလင်းပြီး ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ပြည်ထောင်စုဥပဒေချုပ်ဥပဒေ၊ နည်းဥပဒေနှင့် ဥပဒေရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်သွားရန်၊ မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန် ပြောကြား ခဲ့သည်။


ထို့နောက်ပြည်နယ်ဥပဒေအရာရှိနှင့် ခရိုင်ဥပဒေအရာရှိများက ညွှန်ကြားရေးမှူးချုပ်များ၏ လုပ်ငန်းလမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း ခဲ့ပြီး ကယားပြည်နယ်ဥပဒေချုပ်က ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၏ မှာကြားချက်များကို လုပ်ငန်းလမ်းညွှန်ချက်အဖြစ်ခံယူ ဆောင်ရွက်သွားကြရန် နိဂုံးချုပ်ပြောကြားခဲ့သည်။


ကိုဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)