MNP - ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က “အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ချင်းစာစိတ် ထားနိုင်ပါစေ” အကြောင်း၊ Woman Club ဥက္ကဋ္ဌ ဒေါ်မိုးမိုးအေးက “အလုပ်လုပ်တဲ့နေရာမှ စေတနာပါပါစေ”အကြောင်း၊ Woman Club အတွင်းရေးမှူး ဒေါ်နန်းလျှိုးရှဲန်မုန်းက “အလုပ်ဆိုတာ အင်အားပါ”အကြောင်း၊ Woman Club အသင်းမှ ဒေါ်နန်းကောင်ခမ်းက “အလုပ်လုပ်ရာမှာ အောင်မြင်စေလိုရင် အများနဲ့ ပြေလည်အောင် ဆက်ဆံတတ်ပါစေ”အကြောင်း ဖတ်ကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများက မိမိတို့ဖတ်ရှုထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာဗဟုသုတ၊ စာပေဆိုင်ရာအသိအမြင်နှင့် အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment