MNP - ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူများအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးရှေ့ တွင်(၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးနံရံကပ်ပြဘုတ်တွင်ပြည်သူများအသိပညာဗဟုသုတ တိုးပွားစေရေးအတွက်(၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အဖြစ် မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများအဓွန့်ရှည်တည်တံ့ခိုင်မြဲစေရေးပူးပေါင်းဆောင်ရွက်ခဲ့မှုမှတ်တမ်းဓာတ်ပုံများနှင့် နိုင်ငံတော်အကြီးအကဲများ၏တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများပညာပေး ပြသထားပြီး ပြည်သူများနှင့်ကျောင်းသား/သူ ၊ လူငယ်များကစိတ်ဝင်တစ်စားဝင်ရောက်ဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ပြည်သူများ စာပေအသိပညာတိုးပွားစေရန်နှင့် အားလပ်ချိန်များ၌ စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက်ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများပြုလုပ်ပြသခြင်း စာဖတ်ဝိုင်းများပြုလုပ်ခြင်း online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်း မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ရသ စာအုပ်စာစောင်များလေ့လာဖတ်ရှုနိုင်ရန်အခမဲ့ငှားရမ်းပေးခြင်း ကျောင်းသား/သူများနှင့်လူငယ်မောင်မယ်များဗလငါးတန် ဖွံ့ဖြိုးစေရေးလူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းတို့ကိုအရှိန်အဟုန်မပျက်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment