MNP - ဖေဖေါ်ဝါရီ ၁၇
၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု တည်ထောင်ခွင့်ပြုမိန့် ရရှိခဲ့သည့် ကျောက်မဲခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၂၃ ကျောင်းအတွက် ထောက်ပံကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျောက်မဲခရိုင် လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း (၂၃) ကျောင်းတို့၏ သတ်မှတ်ကျောင်းဖွင့် ကာလအလိုက် တာဝန်ခံဆရာ/ဆရာမများ၊ စာသင်ဆရာ/ဆရာမများတို့အတွက် ထောက်ပံ့ကြေးနှင့် သင်ထောက်ကူကြေး စုစုပေါင်း ငွေကျပ် ၁၇၉၈၀၀၀၀/- (တစ်ရာ့ခုနှစ်ကိုးသိန်းရှစ်သောင်း) ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျောက်မဲခရိုင်အတွင်း၌ ယခင်ကကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း (၁၁)ကျောင်းသာရှိခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောက်မဲမြို့နယ် တပ်တွင်းကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၀)ကျောင်းနှင့် သီပေါမြိုနယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၃)ကျောင်း စုစုပေါင်း (၂၃)ကျောင်းကို အသိအမှတ်ပြု တည်ထောင်ခွင့်ပြုမိန့်ချပေးခဲ့ရာ ကျောက်မဲခရိုင်အတွင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုလက်မှတ်ရကျောင်းပေါင်း (၃၄) ကျောင်းရှိပြီဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment