နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Unit Plan စုဖွဲ့ကျေးရွာများသို့ ကျွဲ၊ နွားများ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Unit Plan စုဖွဲ့ကျေးရွာများသို့ ကျွဲ၊ နွားများ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်


MNP   -   ဖေဖော်ဝါရီ ၁၇

ရှမ်းပြညနယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများ ကူးစက်ရောဂါ ကင်းဝေးစေရန် ရည်ရွယ်၍ Unit Plan (မေထုန်မဲ့သားစပ်လုပ်ငန်းစုဖွဲ့ဧရိယာ) စုဖွဲ့ကျေးရွာများသို့ ကျွဲ၊ နွားများ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ကွက်ပြည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၁၃ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကံကြီးကျေးရွာအုပ်စုတွင် ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်ဦးနှင့် ဝန်ထမ်းများက Unit Plan (မေထုန်မဲ့သားစပ် လုပ်ငန်းစုဖွဲ့ဧရိယာ) စုဖွဲ့ ကျေးရွာများဖြစ်သည့် ဘူတာရပ်ကွက်၊ ညောင်တုန်း၊ ကံကြီး၊ ပန်လန်း၊ ရှောက်ခြုံ၊ နောင်အော၊ သဖန်းကိုင်း စသည့် ကျေးရွာများတွင် ကူးစက်ရောဂါ လုံခြုံရေး ကာကွယ်ဆေးကွက်ပြည့် ထိုးနှံနိုင်ရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးမြူရေးဆိုင်ရာ အသိပညာပေး စည်းရုံး ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)