ချမ်းမြသာစည်မြို့နယ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ





MNP    -    ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း၊ ၁၀၄×၁၀၅လမ်းကြားရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဇဗ္ဗူရစ် ရွှေစင်ခန်းမတွင် ပထမနှစ် ဘီဒီအက်စ်(၁၁/၂၀၂၂) သင်တန်းကျောင်းသား၊ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၈:၃၀ နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက်ပထမနှစ် ကျောင်းသား/ ကျောင်းသူများမှ တေး သီချင်းများဖြင့် သရုပ်ဖော်ကပြ ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်ပြီး ကျောင်းသူတစ်ဦးမှ ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး စာစီစာကုံးပြိုင်ပွဲတွင် ဆုရသူများအား ဝန်ကြီးချုပ်မှ ဆုများ‌ပေးအပ် ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား၊ကျောင်းသူများအတွက် ချီးမြှင့်ငွေ ၁၅ သိန်းကျပ်အား ပေးအပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကျော်သီဟက လက်ခံရယူခဲ့သည်။


မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုရေးဝန်ကြီး ၊ဦးယဉ်ထွေး၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့် ဌာနဆိုင်ရာများ ၊ ပါမောက္ခချုပ် ဒေါက်တာ ကျော်သီဟနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ခင်စိမ်း၀င်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)