သံတောင်ကြီးမြို့နယ် ငွေတောင်ကြီးနှင့် ကျွဲဖြူတောင်ကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် ငွေတောင်ကြီးနှင့် ကျွဲဖြူတောင်ကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းဆောင်ရွက်


MNP  -   ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမတွင် ငွေတောင်ကြီးနှင့် ကျွဲဖြူတောင်ကျေးရွာတို့အား မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


အဆိုပါ မြစိမ်းရောင်ရန်ပုံငွေဖြင့် ငွေတောင်ကြီးနှင့် ကျွဲဖြူတောင်ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်း မွေးမြူရေးလုပ်ငန်းနှင့် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတို့အတွက် စုစုပေါင်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၃၅၀)သိန်းအား မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းကျေးရွာကော်မတီဝင်များထံ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


နော်နော်မူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)