နတ်မောက်မြို့နယ်၌ ဖူးစားပြောင်းစျေးကောင်း၍ စိုက်ပျိုးသူ များပြားလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ ဖူးစားပြောင်းစျေးကောင်း၍ စိုက်ပျိုးသူ များပြားလာ


MNP  -   ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ဖူးစားပြောင်းစျေးကောင်း၍ စိုက်ပျိုးသူများပြားလာကြောင်း အင်းကုန်းကျေးရွာ ဦးဘိုဌေးထံမှ သိရသည်။


ဖူးစားပြောင်းစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစေရန် ရေလုံလောက်စွာ သွင်းပေးရပြီး စိုက်ပျိုးပြီး(၂)လအကြာတွင် ဖူးစပြုပြီး (၃)လကြာလျှင် ခုတ်၍ရောင်းရသည်။ ဖူးစားပြောင်းအမျိုးအစားများမှာ ပြောင်းကြမ်း၊ သကြားပြောင်း၊ ဗမာပြောင်းဟူ၍ (၃)မျိုးရှိပြီး ပြောင်းကြမ်းကို အများဆုံး တိရစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြသည်။ ဖူးစားပြောင်းပင်များကို စနစ်တကျစိုက်ပျိုးထားပါက အထွက်နှုန်းကောင်းမွန်ပြီး ဖူးစားပြောင်းများ စိုက်ပျိုးရာတွင် ကျဲပက်ခြင်းနှင့် အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်း စသည့် နည်းအမျိုးမျိုးရှိသော်လည်း အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးပြီး ရေသွင်းခြင်း၊ ဆေးဖြန်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုနိုင်ပေးနိုင်သည့်အတွက် အပင်များ ပိုမိုကြီးထွားသန်မာစေသည်။ ဖူးစားပြောင်းများ စိုက်ပျိုးရာတွင် မျိုးစေ့တစ်ဗူးလျှင် (၂၅၀၀၀)ကျပ် ဝယ်ယူရပြီး အဖူး(၁၂၀၀)ခန့်ထွက်ရှိ၍ စိုက်ပျိုးသည့်မြေကောင်းလျှင် တစ်ပင်ကို (၃)ဖူးအထိ ဖူးနိုင်ကြောင်း၊ လက်ရှိဖူးစားပြောင်းစျေးနှုန်းမှာ လက်လီစျေး တစ်ဖူးလျှင် (၃၅၀)ကျပ်ဖြစ်ပြီး လက်ကားစျေးတစ်ဖူးလျှင် (၃၀၀)ကျပ် ရောင်းချရကြောင်း အင်းကုန်းကျေးရွာ ဖူးစားပြောင်း စိုက်ပျိုးရောင်းချသူ  ဦးဘိုဌေးက ပြောသည်။


လှဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)