MNP - ဖေဖော်ဝါရီ ၂
ဧရာဝတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်း သတ်မှုသရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က မြို့နယ်အခွန်ဦးစီး ဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနရုံးတွင် သရုပ်ပြဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်က မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်း သတ်ခြင်း၊ မီးအတန်းစားများအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း (၄)နည်းအား ရှင်းလင်းခြင်း၊ ဂက်(စ်)အိုး မီးငြှိမ်းသတ်နည်းအား ရှင်းလင်းခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့် ဗဟုသုတများကို အသိ ပညာပေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ် ပြသခဲ့ကြောင်း သိရသည်။
အောင်သူ
https://t.me/MyanmarNationalPost


No comments:
Post a Comment