ကာလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲပြုလုပ်




MNP  -    ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်တွင် စာရေးဆရာ မိုးပန်းပွင့်(ရာမည)ရေးသားထားသော "ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော် က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်ခြင်းကြောင့် အသိဉာဏ်ဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ မိုးပန်းပွင့်(ရာမည) ရေးသားထားသော " ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် " စာအုပ်မှ "တန်ဖိုးရှိသောလူ" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။


ထို့နောက် BooK Club အဖွဲ့ဝင် ဦးသန်းထိုက်က "ရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂတ်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းကွမ်းလှိုင်က "အနုပညာနှင့်လူ့တန်ဖိုး" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းအွမ်စင်က "အသွင်မတူကြလျှင်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းကျိန်ခမ်းက "အလှဆုံးဖြစ်ချင်လား" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းခမ်းဟွမ်က "အပျိုတို့ဂုဏ်ရည်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းကျိန်ခမ်းက "လူငယ်နှင့်သာသနာ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းဆိုင်မွမ်းစံက "နည်းနည်းပဲကြွားပါ" ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၂၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။


ထို့နောက် သုတ/ရသစာအုပ်များ ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။


ထင်ထင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)