မော်လမြိုင်မြို့၌ ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့၌ ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်



MNP  -   ဖေဖော်ဝါရီ   ၂

မွန်ပြည်နယ်တွင် ၂ဝ၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုနေ့လယ်စာစားပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုယာဉ်တည်ဆောက်ရေးအဖွဲ့ဝင်များ၊ ပြခန်းတည်ဆောက်ရေးအဖွဲ့ဝင်များ၊ ယိမ်းအဖွဲ့တွင် ကပြဖျော်ဖြေခဲ့သည့် မွန်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများ ဒေသအစားအစာရောင်းချရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား၌ မွန်ပြည်နယ်ကိုယ်စားပြု၍ အဘက်ဘက်မှ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပံ့ပိုးခဲ့ကြသော ဝန်ထမ်းများ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များကိုအချုပ် အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံများအဖြစ် ရပ်တည်ရာမှ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် အင်အားတောင့်တင်းသော နိုင်ငံများဖြစ်အောင်တည်ဆောက်၍ နိုင်ငံ၏အင်အားအစစ်အမှန်သည် ပြည်တွင်းအင်အားသာဖြစ်သည့်အတွက် မိမိတို့ရဲ့ပြည်တွင်းအင်အားချည့်နဲ့အောင် ကြံစည်ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို သတိပြုတားဆီးသွားဖို့ လိုအပ်ပါကြောင်း နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ်အခမ်းအနားတွင် မွန်ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်ကို အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ရုပ်လုံးကြွအောင် အခြားတိုင်းနှင့်ပြည်နယ်ဂုဏ်ပြုယာဉ်များထက် နိမ့်ကျမှုမရှိအောင် လူစွမ်း၊ ဉာဏ်စွမ်း တတ်အားသရွေ့ကြိမ်းပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုယာဉ်တည်ဆောက်ရေးအဖွဲ့ဝင်များ၊ ဂုဏ်ပြုယာဉ်ပေါ်နှင့် ယာဉ်အောက်တွင် သရုပ်ဖော်ကပြဖျော်ဖြေခဲ့ကြသည့် ပညာရေးကောလိပ်မှ ယိမ်းအဖွဲ့ကျောင်းသား/သူများနှင့် မွန်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ကိုယ်စားပြုအထိမ်းအမှတ်ပြခန်းများကို အများပြည်သူလာရောက် လေ့လာကြည့်ရှုသည့်အခါ ဗဟုသုတတိုးပွားစေရေး၊ ပြည်နယ်၏ သဘာဝတောတောင် ရေမြေရှုခင်းများကို သိရှိစေရေးစသည့်ဖြင့် စုံလင်စွာခင်းကျင်းပြသနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပြခန်းတည်ဆောက်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ်၏ ဒေသအစားအစာမျိုးစုံကို ပြည်သူသိရှိစားသောက်ခွင့်နှင့် ဝယ်ယူခွင့်ရှိအောင် အမျိုးအစားစုံလင်စွာရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရောင်းချခဲ့သည့် ဒေသအစားအစာရောင်းချရေးအဖွဲ့ဝင်များ အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း ပြည်နယ်ကိုယ်စားပြုဂုဏ်ပြုယာဉ်တွင်ပါရှိသည့် ကျိုက်ထီးရိုးစေတီတော် ထင်ရှားသော တန်ခိုးကြီးဘုရားနှင့် အမွေအနှစ်အား သိရှိဖူးမြော်ရခြင်း၊ ပုံစံတူ၊ ပိဋိကတ် သုံးပုံးပုံစံတူတို့ကို လှည့်လည်ပြသခြင်းဖြင့် မွန်ပြည်နယ်၏ အထိမ်းအမှတ်ဖြစ်သည့် ဟင်္သာရုပ်အား အမြတ်တနိုးတွေ့မြင်ရခြင်း၊ ရိုးရာဂီတများ တီးခတ်၍ ဟင်္သာမောင်နှံ သရုပ်ဖော်ခြင်းတို့ကြောင့် ရိုးရာအမွေအနှစ်များကို ဗဟုသုတအဖြစ်သိရှိရခြင်း၊ ဒေသထွက်အသားငါးနှင့် အသီးအနှံများကို အားကျဖွယ်မြင်တွေ့ရခြင်း၊ မွန်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းဖြစ်သည့် ရော်ဘာအားစိုက်ပျိုးခြင်းမှ ထုတ်လုပ်သည်အထိ ဗဟုသုတဖြစ်ဖွယ်တွေ့ရှိရခြင်း၊ မွန်ပြည်နယ်၏ အထင်ကရနေရာများအား ဗဟုသုတအဖြစ် တွေ့မြင်ရခြင်းစသည့် အကျိုးများရရှိစေရန်၊ ရုပ်လုံးပေါ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် များစွာကျေနပ်အားရပါကြောင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အဆင့်အခမ်းအနားတွင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများအနက် မွန်ပြည်နယ်၏ ယဉ်ကျေးမှုအမွေအနှစ်များကို အများသိအောင် ဖော်ထုတ်ပြီး အင်တိုက်အားတိုက်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်အသီးသီးကို ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုယာဉ်နှင့် အထိမ်းအမှတ်ပြခန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား  ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ကာ (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့် ပြခန်းဖျော်ဖြေမှုများတွင် ပါဝင်ခဲ့သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား​ပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။


ဆက်လက်၍ ​အရှေ့တောင်တိုင်းစစ်ဠာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးကျွန်းသစ္စာရှင်နဂါးမောက်စေတီတော်မြတ်ကြီးသို့ သွားရောက်၍ စတုဒီတာ ကျွေးမွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


စည်သူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)