MNP - ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများမှ မွေးမြူရေးထက် စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုလုပ်ကိုင်လျက်ရှိရာ မိုးရာသီ ပြောင်းစိုက်ပျိုးသူများအနေဖြင့် ယခုရောင်းချရာတွင် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
ပြောင်းသီးနှံများကို မိုးရာသီအစောပိုင်းတွင် စိုက်ပျိုးကြပြီး (၄)လကြာချိန်တွင် ရိတ်သိမ်းခဲ့ကြကြောင်း၊ ရိတ်သိမ်းပြီးလျှင် တစ်ခါတည်း ခြွေလှေ့စက်ဖြင့် ခြွေလှေ့ထားပြီး အစိုဈေးတန်းရောင်းချသူများ ရှိသော်လည်း အချို့က သိမ်းဆည်းထားသေးကြောင်း၊ ကုန်ဈေးနှုန်းများမြင့်တက်သည့်အတွက် ပေါင်းသက်ဆေး၊ ပိုးသက်ဆေး၊ အပင်အားတိုးဆေးတို့ကို ယခင်နှစ်များထက် ပိုမိုဈေးပေးဝယ်ကြရသော်လည်း မိုးရာသီအစောပိုင်း အစိုနှင့်အခြောက် ပေါက်ဈေး ၁ ပိဿာလျှင် ကျပ် ၁၀၀၀ အောက်ရှိပြီး ယခုအခါ ကျပ် ၁၀၇၀နှင့် ကျပ် ၁၀၆၀ ကြားပေါက်ဈေးရှိနေသဖြင့် သိမ်းဆည်းထား၍ ဈေးစောင့်ဆိုင်း ရောင်းချသူများ ယခုအချိန်တွင် လာရောက်ရောင်းချလျက်ရှိကြောင်းနှင့် နံနက် ၇ နာရီအချိန်မှ ညနေ ၅ နာရီအချိန်ထိ လာရောက်ရောင်းချသူများပြားကြောင်းနှင့် စိုက်ပျိုးစရိတ်မြင့်မားသော်လည်း ပြောင်းဈေးကောင်းမွန်သဖြင့် စိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိလျက်ရှိကြောင်း ပွဲရုံလုပ်ကိုင်သူထံမှ သိရသည်။
ဇင်ကိုကို
https://t.me/MyanmarNationalPost
No comments:
Post a Comment