ဆီဆိုင်မြို့၌ မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေ ရှင်းလင်းပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီဆိုင်မြို့၌ မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေ ရှင်းလင်းပွဲပြုလုပ်





MNP   -   ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေ ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှညိမ်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်စန်းဝင်းက မြေဩဇာဥပဒေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ တောင်ကြီး ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မူဝင်းကြည်က မျိုးစေ့ဥပဒေဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း၊   စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်အေးချိုချိုစိုးက ပိုးသတ်ဆေးဆိုင်ရာဥပဒေ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါရှင်းလင်းပွဲသို့ တောင်ကြီးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးလှညိမ်းနှင့် ဝန်ထမ်းများ၊ ဆီဆိုင်မြို့နယ် စိုက်ပျိုးရးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကြင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မျိုးမြတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)