MNP - ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဉယျာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည် မိမိတို့၏ ဉယျာဉ်ခြံများအတွင်းတွင် ဆူးပုတ်ပင်များ စိုက်ပျိုးပြီး တစ်ချို့ဆူးပုတ်ပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသည်။
ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန်သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျား ဆူးပုတ်ရွက်များကို ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးရောင်းရာတွင် ဈေးကောင်းရရှိကြောင်း သိရသည်။
အဆိုပါ သံတောင်ကြီးဒေသရှိ ဆူးပုတ်ပင်များသည် အခြားသောသစ်ပင်ကြီးများ ပေါ်တွင်တွယ် တက်၍ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့်နည်းတူ၊ တစ်ချို့ဆူးပုတ်ပင်များကို ဒေသခံ စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများကသူများက စိုက်ပျိုးလုပ်ကိုင်ကြသည်။
ဆူးပုတ်ရွက်သည် လူအများကြိုက်နှစ်သက်သည့် အသီးအရွက်များတွင် တစ်ခုအပါဝင်ဖြစ်ပြီး ပေါ်ဦးပေါ်ဖျား ဆူးပုတ်ရွက်တစ် ဆယ်သားလျှင် ကျပ်(၁၅၀၀)အထိ ရရှိသည့်အတွက် ဒေသခံ ပြည်သူများ ခူးယူပြီး သံတောင်ကြီးမြို့ပေါ်တွင်သာ လိုက်လံရောင်းချကြကြောင်း သိရသည်။
နော်နော်မူ
https://t.me/MyanmarNationalPost
No comments:
Post a Comment