တာချီလိတ်မြို့အတွင်း နှစ်စဉ်ရေကြီးရေလျှံမှုကာကွယ်နိုင်ရေး ပုဂ္ဂလိက ကုမ္ပဏီနှင့်ပူးပေါင်းကာ (Master Plan) ရေးဆွဲရန် ညှိနှိုင်းဆွေးနွေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့အတွင်း နှစ်စဉ်ရေကြီးရေလျှံမှုကာကွယ်နိုင်ရေး ပုဂ္ဂလိက ကုမ္ပဏီနှင့်ပူးပေါင်းကာ (Master Plan) ရေးဆွဲရန် ညှိနှိုင်းဆွေးနွေးဆောင်ရွက်





MNP   -   ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း နှစ်စဉ်ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် EXP Infrastructure Engineering Consultants Co. Ltd နှင့်ပူးပေါင်းကာ Master Plan ရေးဆွဲရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးဌာန၌ ပြုလုပ်ခဲ့သည်။


၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေဖြင့် တာချီလိတ်မြို့အတွင်း ရေကြီး ရေလျှံမှုများ ကြိုတင်ကာကွယ်နိုင်ရေး Master Plan ရေးဆွဲရန်အတွက် Topographic Survey Work လုပ်ငန်းဆောင်ရွက်ခြင်း၊ (Phase I) လုပ်ငန်းအား စတင်လုပ်ဆောင်နိုင်ရန်အတွက် တာချီ လိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကုမ္ပဏီမှတာဝန်ရှိသူပညာရှင်များ၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာတို့နှင့် EXP Infrastructure Engineering Consultants Co. Ltd မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။


ထို့နောက် တာဝန်ရှိသူများက ရေကြီးရေလျှံမှုဖြစ်ပေါ်သည့် နေရာများသို့ သွားရောက်ကာ မြေပြင်ကွင်းဆင်းလေ့လာ တိုင်းထွာခြင်းများဆောင်ရွက်ခဲ့ကြပြီး စတင်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ပညာရှင်အဖွဲ့ တွေ့ရှိချက်အကြံပြုချက်များအပေါ် ပြန်လည်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)