(၇၅)နှစ်မြောက်၊ မြန်မာရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက်၊ မြန်မာရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ ပြသ


MNP   -    ဖေဖော်ဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က မြို့နယ်ပြည်သူ့စာ ကြည့်တိုက်အရှေ့ မြေစိုက်နံရံကပ်ပြဘုတ်နှင့် ရုံးအတွင်း နံရံကပ်ပြဘုတ်တို့တွင် (၁၈-၂-၂၃)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် ရောင်စုံဓါတ်ပုံများဖြင့် စိတ်ဝင်စားဖွယ် ပြသထားရှိပါသည်။


အဆိုပါမြေစိုက်နံရံကပ်ဘုတ်တွင် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီး အကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ ပါဝင်ပြီး ပြည်သူများနှင့်စာငှါး၊ စာဖတ်ပရိတ်သတ်များ လာရောက်ကြည့်ရှု့ လေ့လာလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)