MNP ၊ ဖေဖော်ဝါရီ ၁၆
ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် PDFအကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းအချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ တပ်မတော်မှ လက်ရွေးစင် အထူးတပ်ဖွဲ့ဖြင့် သွားရောက် ကယ်တင်ဆောင်ရွက်ခဲ့ရာ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း ၁၃ ဦးကို အန္တရာယ်ကင်းစွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံထားရသည့် ကွမ်းသီးခြံလုပ်သား ၂ ဦး၊ ရေလုပ်သား ၃ ဦး၊ ကုန်ကားမောင်းသမား ၁ဦး၊ တောင်သူ ၁ ဦး၊ ဓနိလုပ်သား ၁ဦး၊ အင်ဂျင်နီယာ ၁ ဦး၊ ကျောင်းဆရာမ ၁ ဦး၊ တပ်မိသားစုဝင် ၁ ဦး၊ ဆောက်လုပ်ရေး ခရိုင်မှူး(ငြိမ်း) ၁ ဦး နှင့် တပ်မတော်သား အငြိမ်းစား ၁ ဦး စုစုပေါင်း ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးခံခဲ့ရသည့် ရေလုပ်သား တစ်ဦးက "ဖမ်းဆီးခံနေရချိန် အတွင်းမှာလည်း PDFအကြမ်းဖက်သမားများမှ နည်းမျိုးစုံဖြင့်နှိပ်စက်ခြင်း ၊ အစာမကျွေးဘဲ အငတ်ထားခြင်းများပြုလုပ်ခဲ့ပါတယ်။ ယနေ့မှာလည်း PDF အကြမ်းဖက်များမှ သတ်ဖြတ်ရန် ပြင်ဆင်နေချိန် တပ်မတော်ရဲ့ အထူးတပ်ရင်းတွေ ရောက်ရှိလာပြီး အချိန်မီ ကယ်တင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တိုမှာ မိသားစုတွေရှိပါတယ်။ ဒီဘဝမှာတော့ မိသားစုကို ပြန်မြင်ရတော့မှာမဟုတ်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျနေချိန် တပ်မတော်မှ ယခုလို ကယ်တင်ပေးတဲ့အတွက် အရမ်းဝမ်းသာပြီး မျက်ရည်တောင် ကျမိပါတယ်။ ခုဆိုရင် ကျွန်တော်မိသားစုနဲ့ပြန်တွေ့ရတော့မယ်။ ကျွန်တော် သမီးလေးက ခုမှ ၅ လလောက်ပဲရှိသေးတာ။" ဟု ပြောသည်။
PDF အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံရေးအစွန်းရောက်စိတ်ဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ နိုင်ငံဝန်ထမ်းများအပေါ် ရက်စက်ယုတ်မာရိုင်းသည့် ပြစ်မှုများ ကျူးလွန်လျက်ရှိရာ NLD ပါတီအာဏာလက်မဲ့ ဖြစ်ခဲ့ရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့အထိ ၎င်းတို့၏ လက်ချက်ဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ နိုင်ငံဝန်ထမ်းများ စုစုပေါင်း ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။
#MyanmarNationalPost

No comments:
Post a Comment