MNP - ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီး ဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် (၇၅)နှစ် မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်း အမှတ် မှတ်တမ်းဓာတ်ပုံများကို ကျောင်းသားကျောင်းသူများ၊ ပြည်သူများ လေ့လာကြည့် ရှုနိုင်ရန် ယနေ့ နံနက် (၉)နာရီ အချိန်တွင် ပြသခဲ့သည်။
အဆိုပါမြေစိုက်နံရံကပ်ဘုတ်တွင် (၇၅)နှစ်မြောက် မြန် မာ - ရှရှား သံတမန်ဆက်ဆံရေထူထောင် မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းပုံများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ မှတ် တမ်းဓာတ်ပုံ(၂၀) ပါဝင်ပြီး၊ အများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်မှုကိုကျောင်းသားကျောင်း သူများ၊ ပြည်သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment