MNP - ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ အထက်ပြင်ကျေးရွာ၌ ယမန်နေ့ မွန်းလွဲ (၃)နာရီ(၄၅)မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ် မီးသတ်စခန်းနှင့် ကုန်းလမ်း(၅)မိုင်ခန့်ဝေးသည့် ဂုံးချွိန်ကျေးရွာအုပ်စု၊ အထက်ပြင်ကျေးရွာ၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားနေကြောင်း မွန်းလွဲ(၄)နာရီ (၃၀)မိနစ်အချိန်က တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့လာသဖြင့် ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းသူဦးဆောင် ၍ သန္ဓေတပ်ဖွဲ့ဝင်(၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ(၄) နာရီ (၅၇) မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ စိတ်မနှံ့သူ ဦး---သည် မီးခြစ်ဖြင့် အဖီခေါင်မိုးအား မီးရှို့ ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ ကြောင်း၊ လူ/တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း၊ မီးဘေးသင့်ပြည်သူ (၂)ဦးမှာ နီးစပ်ရာဆွေမျိုးများ ထံတွင် ယာယီနေထိုင်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost




No comments:
Post a Comment