နှစ်ပေါင်း ၂၀၀ တိုင် ရိုးရာအစဉ်အလာကို ထိန်းသိမ်းကြသည့် ရေပုတ်ကြီးရွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်ပေါင်း ၂၀၀ တိုင် ရိုးရာအစဉ်အလာကို ထိန်းသိမ်းကြသည့် ရေပုတ်ကြီးရွာ





MNP  -  ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ကလေးငယ်များသည် အသက်အရွယ်အလိုက် ကျေးရွာ၏ ဆံရစ်ဝိုင်းထားကြသည့် ဓလေ့အစဉ်အလာကို ထိန်းသိမ်းလာခဲ့တာ နှစ်ပေါင်း ၂၀၀ ခန့် ရှိပြီဖြစ်ကြောင်း အသက် ၈၀ ကျော် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးတင်အောင်ထံမှ သိရသည်။


“ ကျွန်မတို့ရွာမှာ အိမ်ခြေပေါင်း ၆၅၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇၀၀ နှင့် လူဦးရေ ၃၁၇၀ ဦးရှိကာ ဆံရစ်ဝိုင်းထားသူ ကလေးငယ်ပေါင်း ၆၇၄ ဦး ရှိပြီး ယောကျာ်းလေးများရဲ့ ဆံပင်ပုံစံကို သျှောင်ပေစူး၊ မိန်းကလေးများရဲ့ ဆံပင် ပုံစံကို ဆံရစ်ဝိုင်းဟု ခေါ်ကြသည်။ အသက်အရွယ်အလိုက် ဆံပင်ပုံစံ အမျိုးမျိုးထားကြကာ မိခင်ရင်ခွင်ထဲမှာရှိတဲ့ လသားအရွယ်ကို ဦးစွန်းဖုတ်ပုံ၊ သုံးနှစ်မှ လေးနှစ်အရွယ်ကို ကြက်တောင်စည်းပုံ၊ ‌ကျောင်းနေအရွယ် ၉ နှစ်၊ ၁၀ နှစ် ရောက် လာရင် သျှောင်ပေစူးနှင့် ဆံရစ်ဝိုင်းပုံ၊ လူပျို/အပျိုဖော်  ဝင်စအရွယ် ၁၅ နှစ်၊ ၁၆ နှစ် ရောက်လာရင် ဂျပန်ဆံထောက်ပုံ၊ လူပျိုဖျန်း၊ အပျိုဖျန်း ဖြစ်လာတဲ့ ၁၇ နှစ်၊ ၁၈ နှစ် ‌ဖြစ်လာရင် ဂျပန်ဆံထောက်ကို နောက်မှ ကွေးတင်ပြီး နောက်ကောက်ဆိုတဲ့ပုံစံ ပြောင်းထားကြပါတယ်။ အိမ်ထောင် ကျသွားတဲ့ အခါမှာတော့ ယောက်ျားလေးများက ဘိုကေ၊ မိန်းက လေးများက ဆံပင်ကို အုပ်လုံးသိမ်းထားကြပြီး ဆံပင်ပုံစံ ကြည့်ရုံနဲ့အပျို အအို ခွဲခြားသိနိုင်ပါတယ် “ ဟု အမျိုးသမီးခေါင်းဆောင် မပြုံးပြုံးရီက ပြောသည်။


ရေပုတ်ကြီးကျေးရွာသည် ပွင့်ဖြူမြို့နယ် ရှောက်တောရွာမှ ၇ မိုင်သာ ဝေးကွာကာ တမံပေါင်အတိုင်း သာယာ ဖြောင့်ဖြူးသော မြေနီလမ်းအတိုင်းကားဖြင့် လာရောက်ပါက မိနစ် ၂၀ သာမောင်းရသည်။ ရွာလမ်းခရီး သာယာ ဖြောင့်ဖြူခြင်း၊ ရွာသူ၊ ရွာသားများက ရိုးသားဖြူစင်ပြီး ဖော်ရွေပျူငှါစွာ ဆက်ဆံကြခြင်း၊ သမိုင်းဝင် ရတနာဦး စေတီတော်အား ဖူးမြော်နိုင်ခြင်း၊ ရွာ၏ အရှေ့ဘက်ရှိ ငှက်၏ အစာဇလုတ်နှင့်တူသည့် ကန်ကြီးပတ်လည်မှ သဘာဝရှုခင်းများနှင့် ရွာသူရွာသားများရဲ့ ကောက်စိုက်၊ ပျိုးနုတ်၊ မောင်းထောင်း ရက်ကန်းခတ်သံများဖြင့် ဆူဝေညံ နေသော သဘာဝအလှ တရားများကို အနယ်နယ် အရပ်ရပ်မှ ဓာတ်ပုံဆရာများ၊ သတင်းမီဒီယာ များနှင့် ကမ္ဘာလှည့် ခရီးသွားများ၏ လေ့လာ လည်ပတ်ရာ နေရာတစ်ခုအ ဖြစ် ရောက်ရှိ လာပေဦးတော့မည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)