စက်ဆန်းကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာအတွင်း Moible စနစ်ဖြင့်စာငှားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်ဆန်းကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးရွာအတွင်း Moible စနစ်ဖြင့်စာငှားပေး


MNP   -    ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာတွင် ဒေသခံပြည်သူများ စာဖတ်၊စာဌားပရိတ်သတ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများ သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက ကျေးရွာအတွင်း အပတ်စဉ်ဆောင်ရွက်နေကြ Moible စနစ် စာငှားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ Moible စာငှားစနစ်ကို စက်ဆန်းကျေးရွာရှိ ပညာစံအိမ် စာကြည်တိုက်မှ ကျေးလက်နေပြည်သူများစာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိလာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ခြင်းဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သောသူများ၊ သက်ကြီးရွယ်အိုများ၊ စာပေချစ်မြတ်နိုးသူများ လက်လှမ်းမီ စာပေဖတ်ရှု့နိုင်ရန် ပညာစံအိမ် ကျေးလက်စာကြည့်တိုက် ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးတို့က ကျေးရွာအတွင်းသို့ အလုပ်အားလပ်ရက်ဖြစ်သော စနေ့၊တနင်္လာနေ့များတွင် စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များကို ပုံမှန်ငှားရမ်းပေးလျက်ရှိကြောင်း စာကြည့်တိုက်ကော်မတီထံမှ သိရသည်။


ကျေးရွာတွင်စာငှားသူ မယဉ်ယဉ်မော်က "ကျွန်မအပတ်စဉ်စာအုပ်ငှားဖြစ်ပါတယ်။ သမီးအဓိက ဖတ်ဖြစ်တာကတော့ ဒဿနိကဗေဒဆိုင်ရာများ၊ အသုံးချပညာရပ်ဆိုင်ရာများ သမိုင်းပညာရပ်တွေ အဖတ်များပါတယ်။ အသိအမြင်ရစာဖတ်ခြင်း၊ စာမဖတ်ခြင်း စာဖတ်တဲ့အလေ့အထရှိသူနဲ့ စာမဖတ်သူအကြောင်း စာဖတ်သောပြည်သူများ၏ တိုင်းပြည်တို့သည် ဖွံဖြိုးတိုးတက်ကြကြောင်း၊ တိုးတက်ဖွံဖြိုးနေသော တိုင်းပြည်များရှိ ပြည်သူများသည် စာဖတ်ခြင်းအလေ့အထရှိကြောင်းနှင့် စာဖတ်တဲ့အလေ့အထရှိတဲ့ မိသားစုက ဘဝအဆင့်အတန်း၊ လူမှုအဆင့်အတန်းမြင့်မားသွားမှာဖြစ်ပြီး စာမဖတ်ကြသော အိမ်ထောင်စုများဟာ အသိဉာဏ်ပညာခေါင်းပါးတာနဲ့အမျှ ပို၍ပို၍ ဆင်းရဲနိမ့်ကျတဲ့ ဘဝတွေထဲကျဆင်းသွားတာ တွေ့မြင်နေရကာ စာကောင်းပေကောင်းတွေရဲ့ အရသာကို ညီငယ်ညီမငယ်တို့ နေ့စဉ်တစ်ရက်တစ်နာရီ၊ နှစ်နာရီလောက် အချိန်ပေးပြီး လေ့ကျင့်ပျိုးထောင်သွားရန်လိုကြောင်း" ပြောကြားခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)