အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



MNP  -   ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ဦးက တက်ရောက်လာကြသော သင်တန်းသားများအား သင်တန်းပြီးဆုံးပြီဖြစ်သောကြောင့် မိမိတို့ အတတ်ပညာများကို အခြေခံ၍ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စီမံကိန်းများ ရေးဆွဲကာ နှစ်စဉ်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ကျေးရွာနေပြည်သူများအတွက် များစွာအထောက်အကူပြုကြောင်း၊ ဆက်လက်၍ သင်တန်းများ ဖွင့်လှစ်ရာတွင်လည်း စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူကြစေလိုကြောင်းနှင့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ဦး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ သင်ဆန်းဆရာမနှင့် သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။


သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိတ်ပါဝင်စားသူ သင်တန်းသား(၃၀)ဦး တက်ရောက် သင်ကြားရာ သင်တန်းဆရာမ ဒေါ်သီတာအေးက ဇန်နဝါရီလ(၃၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ တစ်လကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။


ကျော်ဟိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)