MNP - ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် အသေးစား ၊ အငယ်စားနှင့် အလတ်စား(SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲTalk Show ကို ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ (Talk Show) တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စိုးစိုးအေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုတိုးတက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူသန်း က အသေးစား ၊ အငယ်စားနှင့် အလတ်စား( SME ) လုပ်ငန်းများနှင့်ပတ်သက်၍ ရေးဆွဲထားသည့် ဥပဒေများ ၊ ရည်ရွယ်ချက်များ ၊ မူဝါဒများ ၊ (SME) ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် MSMEs လုပ်ငန်းများ အတွက် နည်းပညာ ၊ဈေးကွက် နှင့်ငွေကြေးအရင်းအနှီးများရရှိရေး ဆောင်ရွက်ချက်များအား ဆွေးနွေးခဲ့ကြောင် သိရှိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment