MNP - ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ လာမည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က အဖွင့်အမှာစကား ပြောကြားရာတွင် လာမည့်အထွေထွေရွေးကောက်ပွဲအား အဆင်ပြေစွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များ စာရင်းများအား ပေးနိုင်ရေး၊ ပါဝင်ရမည့် ဌာနဆိုင်ရာများအလိုက်လည်း ဝန်ထမ်းအင်အားအမည်စာရင်း အချိန်မီပေးပို့နိုင်ရေး၊ ကျောက်တံတားမြို့နယ်တွင် မဲရုံ(၂၈)ရုံ လျာထားကြောင်း၊ ရပ်ကွက်များအလိုက် ရပ်ကွက်ကော်မရှင်အဖွဲ့များ ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ မဲရုံများအတွက် လုံခြုံရေးတာဝန်ယူဆောင်ရွက်မည့် အခြေအနေများ၊ မဲရုံတစ်ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးအပါအဝင် အဖွဲ့ဝင်(၁၇)ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်လွှတ်တော်(၅)ရပ်ရှိရာမှ ယခုလွှတ်တော်တစ်ခု ထပ်တိုးကြောင်း၊ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရာအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးထွေးလှိုင်က လုံခြုံရေးပိုင်းဆိုင်ရာများ အလေးထားဆောင်ရွက်နေကြောင်း၊ အိမ်ပွဲစား၊ လူပွဲစားများနှင့် တည်းခိုခန်းများအား လူအဝင်အထွက် အထူးသတိထားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒဖြင့်သွားခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှသာ ရည်မှန်းချက်များ၊ မူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကလည်း အခက်အခဲများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment