သာပေါင်းမြို့နယ်တွင် APTERR Tier-3 အစီအစဉ်အရ လှူဒါန်းထားသော ဆန်အိတ်(၇၂)အား ကျေးရွာများရှိ အိမ်ထောင်စု(၁၇၆)စု၊လူဦးရေ(၆၈၃)ဦးတို့ကို တစ်ဦးလျှင်(၁)ပြည့်နှုန်းဖြင့် ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ်တွင် APTERR Tier-3 အစီအစဉ်အရ လှူဒါန်းထားသော ဆန်အိတ်(၇၂)အား ကျေးရွာများရှိ အိမ်ထောင်စု(၁၇၆)စု၊လူဦးရေ(၆၈၃)ဦးတို့ကို တစ်ဦးလျှင်(၁)ပြည့်နှုန်းဖြင့် ထောက်ပံ့ပေးအပ်



MNP   -     ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် APTERR Tier-3  အစီအစဉ်အရ လှူဒါန်းထားသော ဆန်အိတ်(၇၂)အား ကျေးရွာများရှိ အိမ်ထောင်စု(၁၇၆)စု၊ လူဦးရေ (၆၈၃)ဦးတို့ကို တစ်ဦလျှင်(၁)ပြည့်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်အေးခန်းမ၌ ကျင်းပကြသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က APTERR Tier-3 အစီအစဉ်အရ လှူဒါန်းထားသော ဆန်အိတ်(၇၂)အိတ်အား သစ်ဖြူကျေးရွာအုပ်စု၊ကျားခေါင်းကျေးရွာ၊ သပြေကုန်းကျေးရွာ၊ လှေလှော်ကျေးရွာများရှိ အိမ်ထောင်စု (၁၇၆)စု၊ကျား(၃၄၁)ဦး၊မ(၃၄၂)ဦး၊စုစုပေါင်း (၆၈၃)ဦးတို့အား တစ်ဦးလျှင်(၁)ပြည့်နူန်းဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးခင်မောင်စိုးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)