MNP - ဖေဖေါ်ဝါရီ ၁၆
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများထံသို့အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံ များအား ယနေ့ နံနက် ၁၀ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ( Community Centre) မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားရှိသည်။
ထိုသို့ပြသရာတွင် မြန်မာ-ရုရှနှစ်နိုင်ငံဆက်ဆံရေးမှတ်တမ်းဓါတ်ပုံများဖြစ်သည့် မြန်မာနိုင်ငံ သမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ ၊ အစည်းအဝေးတက်ရောက်မှုမှတ်တမ်းများ၊ နိုင်ငံပိုင်တည်ဆောက်ရေး လုပ်ငန်းများအား လေ့လာ ကြည့်ရှုမှု မှတ်တမ်းဓာတ်ပုံများနှင့် ပြည်ထောင် စုနေ့အကြောင်းသိကောင်းစရာများအား ဝေဝေဆာဆာ ပြသထားရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment