MNP - ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို မြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိလာရာ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆက်လက်ထုတ်ပေးလျက်ရှိသည်။
သာပေါင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ အခြေခံပညာ အထက်တန်းကျောင်း (ဇီးဖြူကွင်း)၊ အခြေခံပညာအထက်တန်းကျောင်း (ဘုရားကုန်း)နှင့် အခြေခံပညာ အထက်တန်းကျောင်း(စက်ဒေါင့်ကြီး) ပေါင်း စာစစ်ဌာန(၄)ခုတို့တွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းတွင်းဖြေဆိုကြမည့် ကျောင်းသား(၁၁၁)ဦး၊ ကျောင်းသူ(၁၇၁)ဦး ပေါင်း(၂၈၂)ဦးနှင့် ပြင်ပဖြေဆိုကြမည့် ကျောင်းသား(၁၇၀)ဦး၊ ကျောင်းသူ (၂၃၇)ဦး ပေါင်း(၄၀၇)ဦး၊ မြို့နယ်လုံးကျောင်းသား၊ ကျောင်းသူပေါင်း(၆၈၉)ဦးတို့ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ပြီး သာပေါင်းမြို့နယ်တွင် ယခင်နှစ် ၂၀၂၂ ခုနှစ်တွင် ဖြေဆိုသူ (၁၂၁၂)ဦးရှိပြီး (၆၄၄)ဦး အောင်မြင်၍ အောင်ချက်ရာနှုန်း ၅၃.၁၄ ရာနှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်ထံမှ သိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment