တွံတေးမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းတာဝန်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းတာဝန်ပေး


MNP   -     ဖေဖော်ဝါရီ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်အစိုးရဓမ္မာစရိယနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲအတွက် စာမေးပွဲ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်မတ်လ၂၁ရက်နေ့မှ ဧပြီလ ၃ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အစိုးရဓမ္မာစရိယနှင့်အစိုးရပါဠိပထမပြန် စာမေးပွဲအား တွံတေးမြို့နယ်အတွင်း စာစစ်ဌာန(၄)ခုတွင် ကျင်းပပြုလုပ်မည့်ဖြစ်ရာ  စာမေးပွဲဌာနများတွင် အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲအထောက်အကူပြုအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ယင်းနောက်မြို့နယ်သာသနာရေးမှူး၊ စာမေးပွဲအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးစိုးငြိမ်းက ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များက မိမိတို့ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ရာမြို့နယ်စာမေးပွဲအထောက်အကူပြုဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)