ကမာရွတ်မြို့နယ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမာရွတ်မြို့နယ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်း


MNP  -   ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယ​နေ့​နေ့လယ်ပိုင်းက China Foundation for poverty Alleviation နှင့် Tencent တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Yagon University of Foreign Language ရှိ ကျောင်းသားအယောက် (၁၀၀)အား ကျောင်းသားတစ်ဦးလျှင် ပညာသင်စရိတ်(၅)သိန်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် သိန်းပေါင်း(၅၀၀)ကျပ် ထောက်ပံ့လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယ​နေ့​ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ  Yagon University of Foreign Language တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အခမ်းအနားသို့ Yagon University of Foreign Language မှ ပါမောက္ခကြီးနှင့် ဒုတိယပါမောက္ခကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် CFPA Myanmar Office မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါ​မောက္ခချုပ် ​ဒေါက်တာကြည်ရွှင်မှ အဖွင့်အမှာစကား​ပြောကြားပြီး​ ကျောင်းသား​၊ ကျောင်းသူများအား​ ပေါက်​ဖော်ပညာသင်ဆု​ကြေး​ငွေများကို ပါ​မောက္ခချုပ်နှင့် ဒုတိယပါ​မောက္ခချုပ်တို့မှ ပေးအပ်ခဲ့သည်။


Paukphaw Scholarship Project ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားများ၏ လူမှုစီးပွားနောက်ခံမည် သို့ပင်ရှိစေကာမူ သာတူညီမျှသော ပညာသင်အခွင့်အလမ်းများ တိုးမြင့်လာစေရန်၊ အလုပ်အကိုင်ရှာဖွေရန်နှင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်များ အောင်မြင်လာစေရန်၊ လူနေမှုအဆင့်အတန်းမြှင့်တင်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် ပညာရေးအခွင့်အလမ်းများ တိုးတက်လာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရပါသည်။


စိမ်းလဲ့

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)